Skip to main content
Breadcrumb
Home
»
လေကြောင်းပို့ဆောင်ရေး-ညွှန်ကြားမှုဦးစီးဌာန
သမိုင်းကြောင်း
၁၉၄၈ ခုနှစ်တွင် National Station of Air Transport Order ကို ထုတ်ပြန်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်း အဖွဲ့ချုပ် (ICAO) ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါ သည်။ ထို့နောက် International Aeradio Limited (IAL) ကုမ္ပဏီအား ငှားရမ်း၍ မြန်မာနိုင်ငံ၏ မြို့ပြ လေကြောင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
၁၉၅၇ ခုနှစ်တွင် IAL ငှားရမ်းခြင်းအား ရပ်စဲ၍ မြန်မာနိုင်ငံ၏ မြို့ပြလေကြောင်း လုပ်ငန်း တစ်ရပ်လုံးကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
၁၉၆၂ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တွင် လေယာဉ်ကွင်းပေါင်း (၄၃) ကွင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် ပြည်တွင်း/ ပြည်ပ လေကြောင်း ခရီးစဉ်အဖြစ် အသုံးပြုနိုင်သော လေယာဉ်ကွင်းပေါင်း (၂၅) ကွင်း ရှိခဲ့ပါသည်။
၁၉၈၆ ခုနှစ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အထောက်အပံ့ဖြင့် လေကြောင်းပညာ သိပ္ပံ အား ဖွင့်လှစ်တည်ထောင်ခဲ့ပြီး လေကြောင်းပို့ဆောင်ရေး/လေကြောင်း ဆက်သွယ်ရေးဆိုင်ရာ သင်တန်းများနှင့် လေယာဉ်မှူးကြီး လိုင်စင်သင်တန်းများကို ပို့ချခဲ့ပါသည်။
လေကြောင်းပညာ သိပ္ပံ
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) ၏ သတ်မှတ်စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံ၏ လေကြောင်းနယ်နိမိတ်အတွင်း ပြည်တွင်း/ပြည်ပ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းသွားလာနိုင်ရေး၊ လေဆိပ်များ(Airport) နှင့် လေကြောင်းပျံသန်းမှု အထောက်အကူပြုစနစ်များ (Air Navigation Facilities) နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ခရီးသည်များ လိုရာခရီးသို့ မြန်ဆန်ချောမွေ့စွာ သွားလာနိုင်ရေးတို့အား ကြီးကြပ်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။