စတုတ္ထအကြိမ်မြောက် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ပေးအပ်ပွဲ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ဆက်သွယ်ရေး ကဏ္ဍ တွင် စျေးကွက် စီးပွားရေးစနစ် နှင့် အညီ ပြုပြင်ပြောင်းလဲ သွားနိုင်ရေး ဆက်သွယ်ရေး ဝန်ဆောင်မှူ လုပ်ငန်းများ အရည်အသွေး တိုးတက် မြင့်မားရေး၊ မြို့ပြနှင့် ကျေးလက်ဒေသ များ အပါအဝင် ဝေးလံခေါင်ဖျား ဒေသများ ရှိ ပြည်သူများ မှ စျေးနှုန်း သင့်တင့်သော ဆက်သွယ်ရေး ဝန်ဆောင်မှူ လုပ်ငန်းများ ကို စိတ်ကြိုက် ရွေးချယ် အသုံးပြုခွင့် ရရှိရေး တို့ အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ခဲ့ရာ နိုင်ငံလူဦးရေ နှင့် အကျယ်အဝန်း စသည့် အချက်အလက် များ အပေါ်မူတည် ၍ ဆက်သွယ်ရေး အော်ပရေတာ (၄) ခုဖြင့် ဆောင်ရွက်သွားရန် နိုင်ငံတော် မှ မူဝါဒများ ချမှတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အဆိုပါ မူဝါဒများ အား ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့အချိန် ပြည်ပ အော်ပရေတာ (၂) ခုဖြစ်သည့် Telenor Myanmar Limited နှင့် Ooredoo  Myanmar Limited တို့အား (၅-၂-၂၀၁၄) ရက်နေ့တွင် လည်းကောင်း၊ ပြည်တွင်း အော်ပရေတာ အဖြစ် ယခင် နိုင်ငံတော်ပိုင် မြန့်မာ့ ဆက်သွယ်ရေး လုပ်ငန်း အား စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရေး ဂျပန်နိုင်ငံမှ KDDI နှင့် ပူးပေါင်း၍ Joint Operation လုပ်ငန်း အဖြစ် ပူးပေါင်းစေ ၍ (၂၄-၃-၂၀၁၅) ရက်နေ့တွင် လည်းကောင်း၊ National wide Telecomunication လိုင်စင်များ ထုတ်ပေး ၍ ဆက်သွယ်ရေး ကဏ္ဍ တွင် ပါဝင်ယှဉ်ပြိုင် ဆောင်ရွက် စေခဲ့ပြီး ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ခဲ့မူ အရ မြန်မာနိုင်ငံ ၏ ယနေ့ ဆက်သွယ်ရေး စျေးကွက် သည် ယှဉ်ပြိုင်မှူရှိသော စျေးကွက်ပုံစံ ဖြင့် အများပြည်သူ သို့ ဝန်ဆောင်မှူ များ ပေးအပ်လျက်ရှိပြီး ပြည်သူများမှလည်း ကမ္ဘာတစ်ဝှမ်း နေ့စဉ် ဖြစ်ပျက်နေသော အကြောင်းတရား၊ သတင်း၊ ရာသီဥတု အခြေအနေ၊ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်၊ ပညာရေး၊ ကျန်းမာရေး အစရှိသော သတင်းအချက်အလက်များ ကို အချိန်နှင့် တပြေးညီ သိရှိနိုင်ပြီး လူနေမှူ ဘဝ ကဏ္ဍပေါင်းစုံ တွင် များစွာ အထောက်အကူ ပြုစေသည် အတွက် နိုင်ငံတော် ၏ လူမှူစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်မှူ များစွာ အထောက်အကူ ပြုစေသည်မှာ ထင်ရှားလှပါသည်။

ယခုအခါ ဆက်သွယ်ရေး အော်ပရေတာ (၃) ခုဖြင့် ပြည်သူလူထု အား ဝန်ဆောင်မှူ ပေးနေရာမှ စတုထ္ထမြောက် အော်ပရေတာ ဖြစ်သည့် Myanmar National Tele & Communications Co.ltd. အား စတုထ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှူ လုပ်ငန်းလိုင်စင် ပေးအပ်ခြင်း အခမ်းအနား ကို ဇန်နဝါရီလ (၁၂) ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၂) စုပေါင်းခန်းမ တွင် ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် မှ တက်ရောက် အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စု ဝန်ကြီးမှ ပြောကြားရာ တွင် ပြည်ထောင်စု အစိုးရ၏ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေ ရန် ရည်မှန်းချက်များ နှင့် အညီ မိုဘိုင်း အော်ပရေတာ (၄) ဦး ရွေးချယ် ဆောင်ရွက်သွား ရန် ၂၀၁၃ ခုနှစ် တည်း ကပင် မူဝါဒ ချမှတ်ခဲ့ပြီး ဖြစ်ပါကြောင်း စတုထ္ထမြောက် အော်ပရေတာ လိုင်စင်ရရှိသူ ကုမ္ပဏီအနေဖြင့်လည်း တိုးတက်လာသော ဆက်သွယ်ရေး နည်းပညာများ နှင့် အညီ မြို့ပြမှ ကျေးလက်ဒေသ ဝေးလံခေါင်ဖျား အထိ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဟု ယုံကြည်ပါကြောင်း အခြေခံလူမှူဘဝ လိုအပ်ချက်များ ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး ၊ကျန်းမာရေး အစရှိသည့် ကဏ္ဍများ၏ လိုအပ်ချက်များအား ဆက်သွယ်ရေး အော်ပရေတာများ အားလုံးမှ ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ Myanmar National Tele & Communications Co.ltd. မှ ဥက္ကဌ ဖြစ်သူ ဦးခင်မောင်စိုး မှ ကျေးဇူးတင်စကား ပြောကြားပြီး နောက် ဆက်သွယ်ရေး ညွန်ကြားမှူဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးစိုးသိန်းမှ စတုထ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှူ လုပ်ငန်း  National Telecommunications Licenceအား Myanmar National Tele & Communications Co.ltd. သို့ပေးအပ်ရာ ဥက္ကဌဖြစ်သူ ဦးခင်မောင်စိုးမှ လက်ခံ ရယူပါသည်။ အဆိုပါ ကုမ္ပဏီမှာ ပြည်တွင်း ကုမ္ပဏီများ ပူးပေါင်း ဖွဲ့စည်းထားသည့် Myanmar National Telecommunications Holdings Company မှ အစုရှယ်ယာ 23% တို့ ပူးပေါင်း၍ ပြည်တွင်း အစုရှယ်ယာ 51% နှင့် ပြည်ပ ရင်းနှီးမြှပ်နှံမူ အဖြစ် ဗီယမ်နမ် နိုင်ငံ Viettel Global  Investment Joint Stock Company မှ အစုရှယ်ယာ 49% ဖြင့် လည်းကောင်း ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Luan Thuy Duong ၊ အမြဲတမ်း အတွင်းဝန်များ ၊ညွန်ကြားရေးမှူးချုပ် များ နှင့် ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြ ပါသည်။