ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ပူးတွဲဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာတွင်ပါရှိသော အချက်အလက်များ ပြည့်စုံစွာဖော်ပြရမည်။ လျှောက်လွှာများကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၂) နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁၂၅)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ် သို့ (၃၁-၅-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်။
လျှောက်ထားသူများသည် စာမေးပွဲကြေး ကျပ်၁၀၀၀ (ကျပ်တစ်ထောင်တိတိ ) ကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ငွေစာရင်းအမှတ် MD 011092 သို့ လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၅)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ငွေစာရင်းအမှတ် MD 012978 သို့လည်းကောင်း ပေးသွင်းနိုင်သည်။
လျှောက်လွှာနှင့်စပ်လျဉ်း၍ လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသောရက်ထက် နောက်ကျရောက်ရှိခြင်းနှင့် စာရွက်စာတမ်းပြည့်စုံခြင်းမရှိပါက အဆိုပါလျှောက်လွှာများအား လက်ခံစဉ်းစားမည် မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို ဖုန်းနံပါတ် ၀၆၇-၃၄၀၇၂၅၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(အကြောင်းအမျိုးမျိုးကြောင့် နေ့ရက် ၊ အချိန်ပြောင်းလဲမှုဖြစ်ပေါ်ပါက ထပ်မံအကြောင်းကြားပါမည်။)
သတ်မှတ်ထားသော လျှောက်လွှာပုံစံကို အောက်ဖော်ပြပါ link တွင် download ရယူနိုင်ပါသည်။