ထူးခြားမြစ်ရေအခြေအနေသတင်း

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၅.၅.၂၀၂၂)ရက်နေ့တွင် ထူးခြားမြစ်ရေအခြေ အနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ရေသည်မြစ်ကြီးနားမြို့တွင် ၂၀၂၂ ခုနှစ်၊မေလ (၁၅)ရက်နေ့ (၀၉:၃၀)နာရီ အချိန်တိုင်းထွာချက်အရ ယင်းမြို့တွင် (၇၆၂)စင်တီမီတာသို့ ရောက်ရှိခဲ့ကာ()ရက်အတွင်း (၁၁) ပေခွဲခန့် မြင့်တက်ခဲ့ပါသည်။

ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေများသည် နောက်(၁)ရက်မှ (၈)ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့်ညောင်ဦးမြို့တို့တွင် (၉)ပေမှ (၁၀)ပေခန့်၊ နောက်(၈)ရက်မှ (၁၃)ရက် အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၄)ပေခွဲမှ (၈)ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ပါသည်။

သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများ အနေဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေတိုး လာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။