ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသည့် လယ်ဝေးမြို့နယ်၊နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ပလွေးချောင်း ကမ်းပြိုကာကွယ်ရေးနှင့် ဇမ္ဗူသီရိမြို့နယ်၊ လွှတ်တော်ဝန်ထမ်းအိမ်ရာဝင်းအတွင်း ငလိုက်ချောင်းကမ်းပါးတစ်လျှောက် မြေထိန်းနံရံများပြုလုပ်ခြင်း လုပ်ငန်းခွင်များသို့ သွားရောက်စစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ၁၄.၁၂.၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာမြို့သို့ သွားရောက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ပလွေးချောင်း ကမ်းပါးရေတိုက်စားကမ်းပြိုမှုကာကွယ်ရေး Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ အလျား ၁၉၀၀ ပေ နှင့် Steel Basket ကျောက်ဖြည့်ရေကာများ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်သို့ သွားရောက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လွှတ်တော်ဝန်ထမ်း အိမ်ရာဝင်းအတွင်း ငလိုက်ချောင်း ကမ်းပါးတွင် Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ အလျား ၂၀၀ ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိ သူများမှ လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး စံချိန်စံညွှန်း ပြည့်မီပြီး လုပ်ငန်းအချိန်ဇယားအတိုင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ၊ လုပ်ငန်းခွင်ဆောင်ရွက်မှု မှတ်တမ်းထားရှိရေး၊ လုပ်ငန်းပြီးစီးမှုများနှင့်ပတ်သက်၍ အရည်အသွေး စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးချက်မှတ်တမ်းများ စနစ်တကျထားရှိရေးနှင့် လုပ်ငန်းခွင်အတွင်း လုံခြုံရေး ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို စနစ်တကျ စီမံဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန