ဒုတိယဝန်ကြီး ဦးအောင်မြိုင် ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ၊ ထီသိမ်ဘူတာများနှင့် ထီသိမ်အဝိုင်းပတ် ရထားလမ်း ထိန်းသိမ်းမှုအခြေအနေ၊ တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်း ထိန်းသိမ်းမှု အခြေအနေနှင့် တောင်ကြီး - ကက္ကူရထားလမ်းပိုင်းများအား ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၁၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့ထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းအမှတ်(၄) မှ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ၊ ထီသိမ် ဘူတာများ၊ ထီသိမ်အဝိုင်းပတ်တံတားနှင့် ရထားလမ်းထိန်းသိမ်းမှု အခြေအနေ၊ တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့် တာဘောင်များ ထိန်းသိမ်းမှုအခြေအနေ၊ တောင်ကြီး - ကက္ကူရထားလမ်းပိုင်းရှိ တံတားများ၏ အခြေအနေနှင့် သာစည်ဘူတာ ဝန်ထမ်းနေအိမ်လိုင်းခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင် -  တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ - ထီသိမ် - တောင်ကြီး အပိုင်းအား စစ်ဆေးခဲ့ပြီး အဆိုပါ ရထားလမ်းပိုင်းရှိ အချို့နေရာများတွင် ကျောက်ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ ထီသိမ် အဝိုင်းပတ်နေရာတွင် စိုက်ပျိုးထားသည့် သစ်ပင်များနှင့် အဝိုင်းပတ်တာဘောင်တွင် မြေထိန်းနိုင်ရန် စိုက်ပျိုးထားသည့် မြက်ပင်များအား ရှင်သန်စေရေး ဂရုစိုက်သွားရန်၊ ကွေ့ဒီဂရီ ၊ Alignmentနှင့် Super Elevations များမှန်ကန်မှုရှိစေရေး စနစ်တကျ စစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်၊ ရထားလမ်းဘေးရေမြောင်းများ စနစ်တကျဆောင်ရွက်သွားရန်နှင့် Toe Wall များ စနစ်တကျ တည်ဆောက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့် တာဘောင်များ ထိန်းသိမ်းမှုအခြေအနေအား စစ်ဆေးခဲ့ပြီး ကျောက်ဖြည့်သွင်းရန် လိုအပ်သည့် နေရာများတွင် ကျောက်ထပ်မံဖြည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့်     Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး မြေထိန်းနံရံများ စနစ်တကျ ဆောင်ရွက်ရန်၊ ရေမြောင်းများ(Side Drains) စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ရထားလမ်းတာဘောင် ရေတိုက်စားမှုနည်းစေရန် အတွက် မြက်ကပ်စိုက်ပျိုးထားမှုအား ရှင်သန်အောင် ဂရုစိုက်ဆောင်ရွက်ရန် တို့ကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် တောင်ကြီး - ကက္ကူရထားလမ်းပိုင်းအား စစ်ဆေးခဲ့ပြီး ဘူတာနှင့် ယာဒ်ဝင်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်၊ ချုံနွယ်များ ရှင်းလင်းသွားရန်၊ ရထားလမ်း တစ်လျှောက်ရှိ တံတားကြံ့ခိုင်မှု၊ လမ်းပိုင်းကြံ့ခိုင်မှု အခြေအနေတို့အား ပုံမှန်စစ်ဆေးသွားရန်နှင့် ရထားလမ်းဘေးရှိ မြက်၊ ချုံများ ရှင်းလင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

၎င်းအပြင် ဒုတိယဝန်ကြီးသည် သာစည်ဘူတာနှင့် ဘူတာယာဒ်ဝင်းအား စစ်ဆေးခဲ့ပြီး  သန့်ရှင်းသပ်ရပ်မှုရှိစေရေး ရှင်းလင်းဆောင်ရွက်ရန်၊ သာစည်ဘူတာ ဝန်ထမ်းနေအိမ်လိုင်းခန်းများ၌ သောက်သုံးရေ လုံလောက်စွာ ရရှိရေး စီစဉ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်းဆောင်ရွက်သွားရန်နှင့် အိမ်ရာကြီးကြပ်ရေးအဖွဲ့အား စနစ်တကျ ဖွဲ့စည်း၍ ပုံမှန် စစ်ဆေးပြီး ပျက်စီးမှုများအား ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန