ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၃/ ၂၀၂၁) ကျင်းပ

နေပြည်တော်၊ မတ်လ ၁၂ 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)၌ ၂၀၂၁ ခုနှစ်၊ မတ်လ (၁၂)ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၁)ကို ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စတင်၍ နိုင်ငံတော်၏ တာဝန်အရပ် ရပ်ကို တာဝန်ယူဆောင်ရွက်ခဲ့ပြီးနောက် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်မှုကို သုံးသပ်ပါက ဆောင်ရွက်နိုင်သည်များ ရှိသလို အားနည်းသည်များလည်း ရှိကြောင်း၊ အားနည်းချက်များ ကို လျင်မြန်စွာ ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  ဌာနအကြီးအကဲများသည် ဝန်ထမ်းများကို အနီးကပ် ကြီးကြပ်ရသည့် ခေါင်းဆောင်များ ဖြစ်သည့်အတွက် ခေါင်းဆောင်ကောင်း ပီသစွာ အခက်အခဲ များကို ရင်ဆိုင် ဖြေရှင်းရန် လိုအပ်ကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အခက်အခဲကြားတွင် ကြိုးပမ်း အားထုတ်ရန် လိုကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်သူများကိုလည်း တွေ့ရှိရပြီး ပြည်ထောင်စုဝန်ကြီးအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ ဝန်ထမ်းများသည် သစ္စာအဓိဋ္ဌာန်(၆)ချက်နှင့်အညီ ပြုမှု ကျင့်ကြံရန် အထူးပင် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။ အစည်းအဝေးသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဝန်ကြီးဌာနအတွင်းရှိ ဌာနအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။