ပုဂံ-ညောင်ဦးလေဆိပ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းမှ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၃၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် (၃၀-၄-၂၀၂၁) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ပုဂံ-ညောင်ဦးလေဆိပ် ဧည့်ခန်းမဆောင်တွင် ဝန်ကြီးဌာနလက်အောက်ရှိ ဌာန၊ အဖွဲ့အစည်း(၈)ခုမှ တာဝန်ခံ အရာထမ်း၊ အမှုထမ်းများ၊ ပုဂံ-ညောင်ဦးလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားပါသည်။ ၎င်းနောက် တာဝန်ခံများမှ ဌာန၊ အဖွဲ့အစည်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ဒုတိယဝန်ကြီးမှ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) ဦးကျော်စိုးမှ ဒုတိယဝန်ကြီးအား ပုဂံ-ညောင်ဦးလေဆိပ်၊ VIP ခန်းမဆောင်တွင် ပုဂံ-ညောင်ဦးလေဆိပ်အား ပြည်တွင်း/ပြည်ပ ခရီးသည်များ ဝင်/ထွက်သွားလာမှု အဆင်ပြေစေရေးအတွက် လေဆိပ်အဆင့်မြှင့်တင်ထားရှိမှု အခြေအနေနှင့် ယခုဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လက်ရှိလေယာဉ်ပြေးလမ်း၊ လေယာဉ် ရပ်နားရန်နေရာတို့အား နိုင်လွန်ကတ္တရာထပ်ပိုးလွှာတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ တင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သတ်မှတ်အရည်အသွေးပြည့်မီကောင်းမွန် စေရန် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့ထားရှိရေး၊ လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Night Landing Facilities များသတ်မှတ်ချက်နှင့်အညီ ထားရှိနိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်ချက်များအား ဖြည့်စွက် မှာကြားပါသည်။

ပုဂံ-ညောင်ဦးလေဆိပ်တွင် လေယာဉ်ဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူး ရောင်းချနိုင်ရေးနှင့် ပတ်သက်၍ Fuel Farm တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတို့အား Golden Myanmar Airlines Public Co.Ltd၊ အမှုဆောင်အရာရှိ ဦးကျော်ငြိမ်းမှ ရှင်းလင်းတင်ပြပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးမှ နိုင်လွန်ကတ္တရာဖျော်စက် တပ်ဆင်နေမှုနှင့်၊ တည်ဆောက်ရေးပစ္စည်းများ စုဆောင်းထားရှိမှုများ။ လုပ်ငန်းသုံးစက်ယာဉ်/ယန္တရားများ ရောက်ရှိမှုအခြေအနေများနှင့် Golden Myanmar Airlines Public Co.Ltd ၏ Fuel Farm တည်ဆောက်ပြီးစီးသည့် အခြေအနေတိူ့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းပြည့်မှီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဖြည့်စွက်မှာကြားခဲ့ပါသည်။