ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ) မှ မန္တလေး - ဗန်းမော် သင်္ဘောခရီးစဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိ

ရန်ကုန်(၁၂-၄-၂၀၂၁)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဧရာဝတီ ဌာနခွဲ (မန္တလေး)မှ မန္တလေး - ဗန်းမော် ခရီးလမ်းကို တစ်ပါတ်လျှင် (၂)ခေါက် (တနင်္လာ၊ ကြာသပ တေး) နေ့များတွင် ဂေါဝိန်ဆိပ်ကမ်းမှ နံနက် (၀၆:၀၀) နာရီတွင် ထွက်ခွာ၍ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် "ပီကြီး/ ပီလတ်" ရေယာဉ်အမျိုးအစား များဖြစ်သော (၂)ထပ် သင်္ဘောများဖြင့် ပုံမှန်ပြေးဆွဲပေးလျက် ရှိပါသည်။

၁၂-၄-၂၀၂၁ ရက်၊ တနင်္လာနေ့တွင် မန္တလေးဆိပ်ကမ်းမှ ဗန်းမော်သို့ ခရီးစဉ်ခေါက်ရေ (၄၈) အဖြစ် နံနက် (၀၆:၀၀) နာရီတွင် "ပြဒါးပျံ" ရေယာဉ်ဖြင့် ခရီးသည် (၂၁)ဦးနှင့် ကုန် (၂၀၇)တန် ကို တင်ဆောင် ပြေးဆွဲပေးခဲ့ပါသည်။ အဆိုပါ "ပြဒါးပျံ" ရေယာဉ်သည် ခရီးလမ်းတလျှောက် ကျောက်မြောင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့များတွင် ဆိုက်ကပ်ပြီး ခရီးသည်နှင့် ကုန်တင်ခြင်း/ ကုန်ချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ဗန်းမော်ဆိပ်ကမ်းတွင် ရောက်ရှိ အခြေပြုမည် ဖြစ်ပါသည်။

ဗန်းမော်မြို့ဆိပ်ကမ်းတွင် သယ်ဆောင်လာသော ကုန်စည်များ ချခြင်း/ အစုန်ခရီးစဉ် အတွက် ခရီးသည်နှင့် ကုန်စည်များ တင်ဆောင်ခြင်းများကို လက်ခံ ဆောင်ရွက်ပြီးနောက် သင်္ကြန်ကာလ ပြီးဆုံးသည့် ၂၀-၄-၂၀၂၁ ရက်၊ အင်္ဂါနေ့၊ နံနက် (၀၆:၀၀)နာရီအချိန်တွင် ဗန်းမော်မှ မန္တလေးသို့ ပြန်လည် စုန်ဆင်းမည် ဖြစ်ပါသည်။