ပြည်တွင်း .mm Domain Name များအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပုဒ်မ (၂၁)၊ (၂၂) နှင့် (၂၃)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အီလက်ထရောနစ်လိပ်စာ များဖြစ်သည့် Domain Name များနှင့်စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့်စီမံခန့်ခွဲခြင်းလုပ်ငန်းများ အား Domain Registry  ဖြစ်သူ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ .mm Domain Name System ဖြင့် ဆောင်ရွက်လျက်ရှိပြီး Domain သုံးစွဲမှုမှတ်ပုံ တင်သည့်ကုမ္ပဏီ (Registrar) များအဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ၊ Yatanarpon Teleport Public Co.,Ltd (YTP) ၊ Myanmar Technology Gateway Co.,Ltd (MTG) ၊ Global Technology Co.,Ltd ၊ AGB Communication Co.,Ltd ၊  Horizon Telecom International Co.,Ltd နှင့် Frontiir Co.,Ltd တို့မှ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

Domain Name အမျိုးအစားသတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားပြီးဖြစ်သော Eligibility Criteria and  Allocation Guidelines for Third Level .mm Domain Name  ပါ သတ်မှတ်ချက်များနှင့်အညီ  ဝန်ဆောင်မှုကဏ္ဍအလိုက် Domain Name များအား  သတ်မှတ်ထားရှိပါသည်။

သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် Website များ အသုံးပြုရာ၌ မိမိတို့ဆောင်ရွက်လို သည့် ဝန်ဆောင်မှုကဏ္ဍပေါ်မူတည်၍ ဒိုမိန်းအမျိုးအစား သတ်မှတ်ချက်များနှင့်အညီ ပြည်တွင်း ဒိုမိန်းများအား Domain Registrar များထံတွင် ဝယ်ယူလျှောက်ထားနိုင်ပြီဖြစ်ပါကြောင်းနှင့် Registrar များထံသို့ ဆက်သွယ်မှုလွယ်ကူစေရန် ၎င်းတို့၏ Contact Person List အား Download ရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။