မြစ်ရေကြီးမှုအခြေနေသတင်း

မင်္ဂလာနေ့လယ်ခင်းပါ

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၆.၇.၂၀၂၁) ရက်နေ့တွင် မြစ်ရေကြီးမှု အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

             ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရသောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက် ()ရက်အတွင်း(၂)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

အကြံပြုချက်

           သို့ဖြစ်ပါ၍ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။