မြေငလျင်သတင်း

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၀၉) မိနစ်၊ (၂၅) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်‌မြောက်ဘက်(၃၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း  (ဖလမ်းမြို့၏ အ‌နောက်-အနောက်မြောက်ဘက်(၃၁)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၀၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၁၉)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။