မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၀း၀၀ နာရီ အချိန်ထုတ်ပြန်ချက်) 

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၄၆)မိနစ်၊ (၃၀) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက်(၁၃၁)မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင် (ပြင်စလူမြို့၏ အနောက်ဘက်(၂၁)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၅.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၇)ဒီဂရီ၊ အနက်(၉၇)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါ သည်။