မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၀း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၀၈) မိနစ်၊ (၀၂) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်‌မြောက်ဘက်(၅၁)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Myanmar-India Border Region) မြောက်လတ္တီတွဒ် (၂၄.၆၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၃.၆၁)ဒီဂရီ၊ အနက်(၇၂)ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၅.၅)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။