မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၆း၅၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၄၅)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် (၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပြည်ကြီးတံခွန်မြို့၏ အရှေ့တောင်ဘက် (၂)မိုင်ခန့်ကွာ) မြောက်လတ္တီတွဒ် (၂၁.၈၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။