မြေငလျင်သတင်း

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ(၁၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀) နာရီ၊ (၄၄) မိနစ်၊ (၁၁) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၂)မိုင်   ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အနောက်မြောက်ဘက် (၁၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၉၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၂) ဒီဂရီ၊ အနက် (၁၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။