မြေငလျင်သတင်း

(မြန်မာစံတော်ချိန်  ၀၆း၃၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ(၁၉)မိနစ်(၂၅) စက္ကန့် အချိန်တွင် စစ်တွေမြေလျင်စခန်းမှ အရှေ့တောင်ဘက် (၅၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျောက်ဖြူမြို့၏ မြောက်ဘက် (၁၇)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၆၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၅၅)ဒီဂရီ၊ အနက် (၂၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။