၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈) နာရီ၊ (၁၇) မိနစ်၊ (၄၇) စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၀)မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ပင်လုံမြို့၏ အရှေ့ဘက် မိုင်(၂၀)ခန့်အကွာ) မြောက်လတ္တီတွဒ်(၂၁.၀၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၇.၈၃)ဒီဂရီ၊ အနက်(၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၅.၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။