(မြန်မာစံတော်ချိန် ၁၃:၂၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၁ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၀၃)မိနစ်၊ (၁၀)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၁၁၄၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Off West Coast of Northern Sumatra, Indonesia)၊ မြောက်လတ္တီတွဒ် (၀.၁၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၈၅)ဒီဂရီ၊ အနက် (၇)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၇)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။