(မြန်မာစံတော်ချိန် ၀၆:၃၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၁ ခုနှစ်၊ မေလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၀၉)မိနစ်၊ (၅၂)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၃၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (လဟယ်မြို့၏ အရှေ့မြောက်ဘက် (၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၃၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၃)ဒီဂရီ၊ အနက်(၆၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါ သည်။