ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများပေးပို့

နေပြည်တော်၊ နိုဝင်ဘာ  ၂၆

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် ဆန် (၂၄) ပြည်အိတ် (၂၀၀၀) အိတ်၊ စားသုံးဆီ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ အပါအဝင် စုစုပေါင်း (၁၇၂.၃၄၈) တန်အား ၂၄-၁၁-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ၁၆-၅-၂၀၂၃ ရက်နေ့မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေ ယာဉ်များအပါအဝင် ရေယာဉ်(၄၉) စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း(၇၁,၂၇၁.၇၈)တန်နှင့် ဒီဇယ်(၂၄၉,၇၆၂)ဂါလံ၊ Octane 92(၁၉၉,၈၈၆)ဂါလံအား ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန