ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်

နေပြည်တော်၊ မေ ၂၅

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ရန်ကုန်မြို့၊ The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ ၂၅-၅-၂၀၂၃ ရက်၊ ယနေ့ ညနေပိုင်းတွင် MCL-5 ရေယာဉ်သည် သစ်ခွဲသား (၂၀၉) တန်၊ သွပ် (၁၀၆,၂၉၀) ချပ်၊ ဆန် (၁၉,၇၃၀) အိတ်၊ မိုးကာတဲ (၃၇၂) လုံး၊ မိုးကာလိပ် (၆၈) လိပ်၊ အိမ်ရိုက်သံ (၁၁.၇)တန်၊ သွပ်ရိုက်သံ (၂၁) တန်၊ ခေါက်ဆွဲခြောက် (၆၁)ဖာ၊ ကရိန်းကား (၃)စီး၊ ကေဘယ်လိပ် (၂၀) လိပ်နှင့် ဆက်စပ်ပစ္စည်း (၁,၅၆၀) ခု စုစုပေါင်း (၂,၄၀၀) တန် တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။

ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်မှု၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အနီး ကပ်ကြီးကြပ်မှုဖြင့် TMT ဆိပ်ခံတံတားမှ ရခိုင်ပြည်နယ်သို့ ၁၆-၅-၂၀၂၃ ရက်နေ့မှစ၍ ယနေ့ အထိ စစ်ရေယာဉ် (မုတ္တမ)၊ စစ်ရေယာဉ် (မဟာဗန္ဓုလ)၊ စစ်ရေယာဉ် (ပြည်တော်အေး ၂)၊ တပ်ဖွဲ့ တင်ရေယာဉ် (ချင်းတွင်း)၊ ထောက်ပံ့ရေးရေယာဉ် (၆၀၃)၊ (၆၀၄)၊ MV. AQUARIOUS၊ MV.FORTUNE၊ MV.SUN SHINE၊ MCL-5 ရေယာဉ်တို့ဖြင့် ကူညီ ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၁၁,၂၉၄.၈) တန်နှင့် ခိုင်ခိုင်ဖြိုး (၃၃)၊ (၃၄) ရေယာဉ်များဖြင့် ဒီဇယ် (၂၄၉,၇၆၂) ဂါလံ၊ Octane 92 (၁၉၉,၈၈၆) ဂါလံ အား စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန