သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ နိုဝင်ဘာ ၁၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ နိုဝင်ဘာလ ၁၉ ရက်နေ့နံနက် ၀၈၀၀ နာရီတွင် စီမံကွပ် ကဲရေး(အခြားအဆင့်)သင်တန်းအမှတ်စဥ် (၇၁/၂၀၂၁)၊ အခြေခံစာရေး(ရုံးလုပ်ငန်း)သင်တန်းအမှတ်စဥ်(၉/ ၂၀၂၁)၊ ကွန်ပျူတာနှင့်ထိန်းချုပ်သောမော်တော်ယာဥ်ပြင် OBD II သင်တန်းအမှတ်စဥ်(၁/၂၀၂၁)တို့သင်တန်းများဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင်ကျောင်း အုပ်ကြီးဦးမင်းချစ်ဦးကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် ဒေါက်တာ အောင်မျိုးကျော်(ညွှန်ကြားရေးမှူး၊ သလရ)ကသင်တန်းဆင်းအောင်လက်မှတ်များချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းတွင်ထူးချွှန်စွာအောင်မြင်ခဲ့ကြသူများကို ပထမ၊ဒုတိယ၊တတိယ ဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်သင်တန်းဆင်းသင်တန်းသား/သူများကို ကျောင်းအုပ်ကြီးက လိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း