သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဖေဖော်ဝါရီလ ၁၁ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် ဒုလက် ထောက်ကြီးကြပ်ရေးမှူး(တွဲမှတ်)သင်တန်းအမှတ် စဥ် (၄၄/၂၀၂၁)နှင့်တွဲထိန်း(အခြေခံ)သင်တန်းအမှတ်စဥ် (၅/၂၀၂၂)တို့၏သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်း အုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒေါက်တာ အောင်မျိုးကျော်(ညွှန်ကြားရေးမှူး၊သလရ) ကသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးကသင်တန်းတွင်ဆုရရှိခဲ့ကြသူများကို ပထမ၊ဒုတိယ၊တတိယဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးသည် သင်တန်းဆင်း

သင်တန်းသားကို လိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း