သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Web Design HTML5 & CSS3 Course သင်တန်းဖွင့်ပွဲအခမ်းအနား

မတ်လ (၄) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး သင်တန်းကျောင်းတွင် Web Design အခြေခံနည်းပညာများကို နားလည်၍ HTML5 နှင့် CSS3 Language ကိုအသုံးပြု၍ Static Web Page များကို လက်တွေ့ရေးသားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Web Design HTML5 & CSS3 Course ဒုတိယအကြိမ် သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

Web Design HTML5 & CSS3 Course ဒုတိယအကြိမ် သင်တန်းကို အစိုးရအဖွဲ့အစည်းနှင့်ဝန်ကြီးဌာန (၁၄) ခုမှ သင်တန်းသား (၃၂) ဦး တို့ တက်ရောက်ကြောင်း သိရပါ သည်။    

သင်တန်းကာလမှာ (၄-၃-၂၀၁၉)ရက်နေ့မှ (၁၉-၃-၂၀၁၉) ရက်နေ့ အထိ (၁၂) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် အစိုးရအဖွဲ့ အစည်းနှင့်ဝန်ကြီးဌာနများမှ နိုင်ငံဝန်ထမ်းများအား e-Governmentနှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်း များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

မသန္တာ

သင်တန်းကျောင်း