အထွေထွေစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုသင်တန်းအမှတ်စဥ် (၃၀/ ၂၀၂၀)၊ဘဏ္ဍာရေးဆိုင်စီမံခန့်ခွဲမှု(အရာရှိ)သင်တန်းအမှတ်စဥ် (၂/၂၀၂၀)၊စီမံကွပ်ကဲရေး (အရာထမ်းလောင်း)သင်တန်း၊အမှတ်စဥ်(၅/၂၀၂၀)သင်တန်းများဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ဧပြီလ (၉)ရက်နေ့ နံနက် ၀၈၀၀ နာရီတွင်အထွေထွေစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုသင်တန်းအမှတ်စဥ် (၃၀/ ၂၀၂၀)၊ဘဏ္ဍာရေးဆိုင်စီမံခန့်ခွဲမှု(အရာရှိ)သင်တန်းအမှတ်စဥ် (၂/၂၀၂၀)၊စီမံကွပ်ကဲရေး (အရာထမ်းလောင်း)သင်တန်း၊အမှတ်စဥ်(၅/၂၀၂၀)သင်တန်းများဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးကသင်တန်းဆင်းအမှာစကား​ပြောကြားခဲ့ပါသည်။

ယင်းနောက်ဒုတိယကျောင်းအုပ်ကြီးကသင်တန်းဆင်း​အောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်၍သင်တန်းတွင်ထူးချွှန်စွာအောင်မြင်ခဲ့ကြသူများကိုကျောင်းအုပ်ကြီးက ပထမ၊ ဒုတိယ၊ တတိယဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးကသင်တန်းဆင်းသင်တန်းသူ/သင်တန်းသားများကိုရင်းနှီးစွာလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီးမုန့်ဟင်းခါးဖြင့်ကျွေးမွေးဧည့်ခံခဲ့ပါသည်။