ဧရာဝတီမြစ်ကျော် (၂၃၀)ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းခြင်း ဆောင်ရွက်စဉ် ရေကြောင်း ခေတ္တပိတ်ထားမည့် ရေလမ်းသတိပေးနှိုးဆော်ချက်

၁။    လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနက လှိုင်သာယာ-အသုတ် (၂၃၀) ကေဗွီ ဓါတ်အားလိုင်းကို ဧရာဝတီမြစ်ကို ဖြတ်ကျော်၍ ညောင်တုန်းမြို့နယ်၊ သောင်တန်းကျေးရွာမှ ပန်းတနော် မြို့နယ်၊ ကြိမ်ပင်ဆယ်ကျေးရွာသို့  ၂၃- ၄- ၂၀၂၁ ရက်မှ  ၆- ၅- ၂၀၂၁ ရက်ထိ နေ့စဉ် နံနက် (၇) နာရီမှ မွန်းလွဲ (၃)နာရီ ထိ သွယ်တန်းမည် ဖြစ်ပါသည်။
 ၂။    လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းခွင်၏ အထက်နှင့် အောက်ရှိ ဧရာဝတီမြစ်အတွင်းမှ ရေယာဉ်များဖြင့် ကြီးကြပ် ကွပ်ကဲရေးအဖွဲ့က စောင့်ဆိုင်းပြီး ရေကြောင်း ခေတ္တပိတ်ထားမည် ဖြစ်ပါ သည်။ အဆိုပါ ရေကြောင်းအတွင်းမှ ဖြတ်သန်းမည့် ရေယာဉ်များအနေဖြင့် လုပ်ငန်းခွင်မှ လွတ်ကင်းရာ နေရာတွင် ရပ်နား စောင့်ဆိုင်းပြီး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ဖြတ်သန်း ခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် သတင်းထုတ်ပြန်ပါသည်။