၂၀၂၁ခုနှစ်၊မိုးရာသီကာလ ယေဘုယျမြစ်ရေအခြေအနေ ခန့်မှန်းချက်

၂၀၂၁ခုနှစ်၊မိုးရာသီကာလ ယေဘုယျမြစ်ရေအခြေအနေ ခန့်မှန်းချက်

(၂၈--၂၀၂၁ရက်နေ့ထုတ်ပြန်သည်)

 

၂၀၂၁ ခုနှစ်၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလခန့်မှန်းချက်     

မိုးဦးကာလ မေလနှင့် ဇွန်လတို့တွင်ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန် မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်တစ်လျှောက်ရှိ မြို့များတွင် မြစ်ရေများသည်လက်ရှိရေမှတ်များ အထက်မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။

မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လတို့တွင်ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့တို့တွင် (၁)ကြိမ်ခန့် စီနှင့်ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၂)ကြိမ်ခန့်စီ၊ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီနှင့်  ဟုမ္မလင်းမြို့ နှင့် ဖောင်းပြင်မြို့တို့တွင် (၂)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ စစ်တောင်း မြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင်(၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၂)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင်(၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေ သည် ငါးသိုင်းချောင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ကြိမ်ခန့်စီနှင့်သာပေါင်းမြို့တွင် (၂)ကြိမ်ခန့်၊ တိုးမြစ်ရေ သည် မအူပင်မြို့တွင် (၂)ကြိမ်ခန့်၊ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် (၁)ကြိမ်ခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်ဧရာဝတီမြစ်ရေသည် ဆိပ်သာ မြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ် ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည်ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် (၁)ကြိမ်ခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ် ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။