၂၀၂၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် ပိုစတာထုတ်ပြန်

 

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ)မှ (၂၀၂၁)ခုနှစ်တွင် ပေးပို့လာသည့် ပိုစတာတွင် ကိုဗစ်-(၁၉) ကပ်ရောဂါဖြစ်ပွားချိန်မှ ယခုအချိန်ထိ ကမ္ဘာတစ်ဝှမ်းရှိ စာပို့တိုက်များနှင့် စာပို့ဝန်ထမ်းများသည် ကိုဗစ်-(၁၉)ရောဂါကာကွယ်ဆေးများကို complex cold storage methods များကို အသုံးပြု၍ သယ်ယူပို့ဆောင်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနိုင်ရန်အတွက် ကြိုတင်စာရင်းပေးသွင်းနိုင်မည့် ကိစ္စရပ်များဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-(၁၉)ကပ်ရောဂါဖြစ်ပွားနေသည့် ခက်ခဲသည့်ကာလများတွင် စာပို့တိုက်လုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရန်အတွက်  စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို တီထွင်ဆန်းသစ်ခြင်း၊ အများပြည်သူသို့ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အခက်အခဲကြားမှ ကြံ့ကြံ့ ခိုင်၍ ဆောင်ရွက်ပေးခြင်းတို့အတွက် ဂုဏ်ပြုသောအားဖြင့် “Innovate to recover”ခေါင်းစဉ်ဖြင့် ရေးဆွဲထားသည့် ပိုစတာစာရွက်များကို အဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်ခြင်းဖြစ်ပါသည်။