(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၂၀၀/- ကျပ်တန်) (၃) မျိုးအား ရောင်းချပေးသွားမည်

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၂၀၀/- ကျပ်တန်) () မျိုးအား ၂၀၂ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း (၁၂) ရက် (စနေနေ့)၊ နံနက်(၀၉:၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။

    အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီ(၁၂) ရက်၊ (စနေနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများ ပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ပါသည်။