“၁၄ ကြိမ်မြောက် အာဆီယံကွန်ရက်လုံခြုံရေးဆောင်ရွက်မှုကော်မတီ အစည်းအဝေး” တွင် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုး အစည်းအဝေးဥက္ကဌ အဖြစ် တက်ရောက်

“ ၁၄ ကြိမ်မြောက် အာဆီယံကွန်ရက်လုံခြုံရေးဆောင်ရွက်မှုကော်မတီ အစည်းအဝေး” ကို ၂၁-၈-၂၀၂၃ ရက်နေ့တွင်  အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပပြုလုပ်ရာ အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးမှ အစည်းအဝေးဥက္ကဋ္ဌ အဖြစ် တက်ရောက် ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆိုက်ဘာလုံခြုံရေးနယ်ပယ်ရှိ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး အာဆီယံဒေသရှိ အရေးကြီးသော သတင်းအချက်အလက် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆိုက်ဘာနယ်ပယ်တွင် တာဝန်သိနိုင်ငံများ၏ စံနှုန်းများကို အကောင်အထည်ဖော်ရေးဆိုင်ရာ အာဆီယံဒေသတွင်း လုပ်ဆောင်ချက်အစီအစဉ်နှင့် စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းရည်မြှင့်တင်ရေး လှုပ်ရှားမှုများနှင့် ယုံကြည်မှုတည်ဆောက်ရေး ဆောင်ရွက်မှုများ၊ အာဆီယံနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုများအား တိုက်ဖျက်ရန်အတွက် အာဆီယံအဖွဲ့၏ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအဖွဲ့ (WG-AS) အား အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။