မတ်လ (၁၆) ရက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းနှင့် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန (NCSC) တို့ ပူးပေါင်း၍ ဆိုက်ဘာတိုက်ခိုက်မှုများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ဝန်ကြီးဌာနများနှင့်ဘဏ်များတွင် Computer Security Incident Response Team (CSIRT) တည်ထောင်၍ ဆိုက်ဘာတိုက်ခိုက်မှုများအား ဖြေရှင်းနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခဲ့သည့် Incident Handling & CSIRT Management Course အမှတ်စဉ် (၀၁၂၄/၀၂/၁၉-၂၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ် (၂) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရပါသည်။
အဆိုပါ Incident Handling & CSIRT Management Course အမှတ်စဉ် (၀၁၂၄/၀၂/၁၉-၂၀) သင်တန်းကို ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၁၃) ခု မှ သင်တန်းသား (၃၆) ဦး တက်ရောက်ကြောင်း သိရပါသည်။
သင်တန်းကာလမှာ (၁၆-၃-၂၀၂၀)ရက်နေ့မှ (၂၄-၃-၂၀၂၀)ရက်နေ့ထိ (၇) ရက် ဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း များမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။
ITCS သင်တန်းကျောင်း