Microsoft Office 365 Administrator Training နှင့် Microsoft Office 365 End User Training သင်တန်းဖွင့်ပွဲအခမ်းအနား

ဇူလိုင်လ (၂၉) ရက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း တွင် User Security Groups နှင့် License ထိန်းသိမ်းခြင်း၊ Identity Synchronization AD များတည်ဆောက်ခြင်းများကို စာတွေ့ လက်တွေ့ သိရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Microsoft Office 365 Administrator Training  သင်တန်းနှင့် Microsoft Office 365 နှင့် သက်ဆိုင်သည့်Email Office WordExcelTeam နှင့်  SharePoint တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သော Microsoft Office 365 End User Training  သင်တန်းတို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ဇူလိုင် (၂၉) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရပါသည်။

Microsoft Office 365 Administrator Training (ပထမအကြိမ်) သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၄၀)ခုမှ သင်တန်းသား (၄၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂၉-၇-၂၀၁၉) ရက်နေ့မှ (၃၀-၇-၂၀၁၉) ရက်နေ့အထိ (၂) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။ Microsoft Office 365 End User Training (ပထမအကြိမ်) သင်တန်းမှာ (၁)ရက် သင်တန်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၃၃)ခုမှ သင်တန်းသား (၃၅)ဦးတို့ တက်ရောက်ကြောင်း သိရပါသည်။     

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး၊ New Horizons Myanmar Computer Learning  Center မှ  Managing Director ဒေါ်လွင်လွင်ငြိမ်းချမ်းနှင့် ကျောင်းအုပ် ဒေါက်တာနွဲ့နွဲ့ဝင်းတို့က အဖွင့်အမှာ စကားများ ပြောကြားခဲ့ပါသည်။

       သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Governmentနှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။