Microsoft Office 365 End User Training သင်တန်းဖွင့်ပွဲအခမ်းအနား

     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် Microsoft Office 365 နှင့် သက်ဆိုင်သည့်Email Office WordExcelTeam နှင့်  SharePoint တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သော Microsoft Office 365 End User Training  သင်တန်းတို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ဇူလိုင် (၃၀) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရပါသည်။

Microsoft Office 365 End User Training(ဒုတိယအကြိမ်)သင်တန်းမှာ (၁)ရက်သင်တန်း ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၂၄)ခုမှ သင်တန်းသား (၃၅) ဦးတို့ တက်ရောက်ကြောင်း သိရပါသည်။     

သင်တန်းဖွင့်ပွဲသို့သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

    သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။