MPT က သုံးစွဲသူ အများပြည်သူတို့၏ SMS (စာတို)ပေးပို့လှူဒါန်းခြင်းအစီအစဉ်မှ ပါဝင်လှူဒါန်းခဲ့သော ငွေကျပ်သိန်း ၂၀၀ ကျော်နှင့်အတူ MPT ၏ ထပ်ဆောင်း အလှူငွေ ငွေကျပ် သိန်း ၁,၀၀၀ ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လှူဒါန်း

(မြန်မာပြည်နှင့် အတူရှိနေမည့် MPT)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည်  နိုင်ငံတစ်ဝန်းရှိ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ဆက်လက်ကူညီပံ့ပိုးရန်အတွက် ဧပြီလ ၆ ရက်မှ မေလ ၁၇ ရက်အထိ ပြုလုပ်ခဲ့သည့် သုံးစွဲသူ အများပြည်သူတို့၏ SMS(စာတို) ပေးပို့လှူဒါန်းခြင်း အစီအစဉိမှတစ်ဆင့် စေတနာထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ သော ငွေကျပ် (၂၀, ၆၉၁, ၅၀၀) နှင့်အတူ MPT ၏ ထပ်ဆောင်းအလှူအဖြစ်   ငွေကျပ် သိန်း ၁,၀၀၀  ကို လှူဒါန်းခဲ့ပါသည်။ ယခုကဲ့သို့ ခက်ခဲသောအချိန်များတွင် မြန်မာပြည်နှင့် အတူရှိနေမည့် MPT ဆိုသည့် ဆောင်ပုဒ်နှင့်အညီ MPT သည် သုံးစွဲသူ မြန်မာပြည်သူများ အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ စဥ်ဆက်မပြတ်ပေးအပ်နေချိန်တွင် အဆိုပါလှူဒါန်းမှုသည် နိုင်ငံတစ်ဝန်းရှိ COVID-19 ကူးစက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။.

ယနေ့လှူဒါန်းမှုသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းငွေများကို မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်အတွက် လုပ်ငန်းလည်ပတ်မှုများ တိုးတက်ခိုင်မာစေရန်နှင့် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို အားဖြည့်ကူညီ ပေးရန်အတွက် တစ်ကိုယ်ရည်သုံး ကာကွယ်ရေးပစ္စည်း (PPE)၊ နှာခေါင်းစည်းများ၊ အသက်ရှူကိရိယာများနှင့် လေသန့်စက်များ၊ ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းကိရိယာများ ဝယ်ယူခြင်းအပါအဝင်  လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဥ်များတွင်  အသုံးပြုနိုင်ရန် ဖြစ်သည်။

MPT သည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ  ဆောင်ရွက်ရာတွင် လိုအပ်သည့် အထောက်အပံ့ ပစ္စည်းများ နှင့် ပစ္စည်းကိရိယာများအတွက် ငွေကြေးလှူဒါန်းခြင်းအပြင် အဆိုပါ လုပ်ငန်းစဥ်များတွင် အသုံးပြုနိုင်ရန် နိုင်ငံတစ်ဝန်းရှိ ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့ကောင်းများအဖြစ် ဖောင်ကြီး COVID-19 Medical Center အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အသွားအလာကန့်သတ် ဆောင်ရွက်ထားသောနေရာများသို့ ဖိုင်ဘာအင်တာနက် အခမဲ့ ချိတ်ဆက်ပေးခြင်းနှင့် အော်တိုတယ်လီဖုန်းလိုင်းများကိုလည်း တပ်ဆင်ဆောင်ရွက် ပေးခဲ့ပါသည်။

ထို့အပြင် MPT သည် သတင်းအချက်အလက်များကြည့်ရူနိုင်မည့် ဝက်ဘ်ဆိုက် (၆)ခုသို့ဒေတာ အသုံးပြုမှု အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှု နိုင်ခြင်း၊ ‘စောစောရှာ’ အက်ပ်ကို ဒေတာအခမဲ့ဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ သုံးစွဲသူများအတွက် ဒေတာအပိုဆုများ နှင့် ဖုန်းခေါ်ဆိုခွင့် အထူးအစီအစဉ်များ ဆောင်ရွက်ပေးခြင်း၊ SMS (စာတို)ပေးပို့လှူဒါန်းခြင်း အစီအစဥ်၊ အသွားအလာ ကန့်သတ်ထားသော နေရာများသို့ ဆင်းမ်ကတ်များ လှူဒါန်းခြင်း၊  COVID-19 ရောဂါဆိုင်ရာ ပညာပေးစာတို (SMS) ပေးပို့ခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူများ ၊ COVID-19 ဆိုင်ရာ မေးမြန်းခြင်းဌာနနှင့် နိုင်ငံတစ်ဝန်းမှ COVID-19 ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအစီအစဉ်အတွက် ဖုန်းလိုင်းများသို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ရန်စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ပြီးဖြစ်ပါသည်၊၊

“မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေကို  ဆက်လက်လုပ်ဆောင်နေပြီး ကျွန်တော်တို့ အနေနဲ့လည်း အစိုးရအဖွဲ့အစည်းတွေ၊ ဆေးရုံတွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေကို ကူညီပံ့ပိုးဖို့အတွက် အလေးပေးဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ သူတို့နေထိုင်ရာ လူမှုအသိုင်းအဝိုင်းအပေါ်ကို ထိရောက်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေတဲ့ လုပ်ငန်းတွေမှာလည်း ကျွန်တော်တို့ ဆက်လက်ပံ့ပိုးပေးလျက်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ပံ့ပိုးမှုတွေဟာ COVID-19ကြောင့် ထိခိုက်ခံရသူတွေအတွက် အကျိုးသက်ရောက် စေမယ့်အပြင် သုံးစွဲသူ အများပြည်သူတို့ရဲ့ SMS(စာတို) ပေးပို့လှူဒါန်းခြင်း အစီအစဥ်ကနေတစ်ဆင့် လူတစ်ဦးတစ်ယောက်ချင်းကစပြီး  ဒီဗိုင်းရပ်စ်ပိုးကို တစ်နိုင်ငံလုံး အတူတကွ တက်ညီလက်ညီနဲ့ တိုက်ဖျက် နေတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။” ဟု MPT ၏ ဦးဆောင်ညွှန်ကြားရေးမှူး (MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်) ဖြစ်သူ ဦးခင်မောင်ထွန်း မှ ပြောကြားခဲ့သည်။

တာဝန်သိ ပြည်တွင်းမှ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် MPT သည် အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ပစ္စည်းထောက်ပံ့ပေးသွင်းသူများနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး MPT သုံးစွဲသူများနှင့် လူမှုအသိုက်အဝန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိရာ  COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဥ်များတွင် ရှေ့တန်းမှ ဆောင်ရွက်နေသူများအတွက် အားဖြည့်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT အနေဖြင့် မိမိတို့၏ ဌာနများအားလုံးကို လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများဖြင့်  စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နိုင် ရန်နှင့် MPT အမှတ်တံဆိပ်ဆိုင်များ၊ အွန်လိုင်းမှ ဝန်ဆောင်မှုများနှင့် Call Center များတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် ဌာနတွင်းမူဝါဒများနှင့် လုပ်ထုံးလုပ်နည်း များကိုလည်း အဆင့်မြှင့်တင်ထားပါသည်။

MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုခြင်းဖြင့် မိမိတို့၏ ဝန်ဆောင်မှုများ၊ အကောင့်များကို MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Donation