MyanmarSat-2 Satellite Application အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မတ်လ ၆ ရက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ (၆.၃.၂၀၁၉) ရက် နံနက် ၉ နာရီ ၃၀ တွင် MyanmarSat-2 Satellite Application အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဝန်ကြီးဌာန (၂၅) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (ဆက်သွယ်ရေး) ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် Intelsat ၏ Regional Vice President (Asia-Pacific) Terry Bleakley  က MyanmarSat-2 Satellite Application and Transformation ခေါင်းစဉ်ဖြင့် ဝန်ကြီးဌာနများအတွက် အရည်အသွေးကောင်းမွန်သော MyanmarSat-2 ဂြိုလ်တုချန်နယ်များဖြင့် ပိုမိုမြင့်မားသော ဆက်သွယ်မှုကို ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။ 
ထို့နောက် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန အင်ဂျင်နီယာချုပ်က ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် MyanmarSat-2 ပါဝင်သော ဂြိုလ်တုကိုလွှင့်တင်မည်ဖြစ်ကြောင်း စက်တင်ဘာလလယ်ခန့်တွင် ဂြိုလ်တုချန်နယ် 864 MHz ကို မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများအတွက် အရည်အသွေးမြင့် ဝန်ဆောင်မှုကိုပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုများဆောင်ရွက်နေသော ကုမ္ပဏီများဖြစ်သည့် Speed Bird ကုမ္ပဏီ၊ Myat Thandar ကုမ္ပဏီ၊ ရွှေသံလွင်ကုမ္ပဏီ များမှလည်း လက်ရှိဆောင်ရွက်နေသော ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုများကို ရှင်းလင်းတင်ပြကြပါသည်။
ဆက်လက်၍ Comtech, Newtech, iDirect, Star Win ကုမ္ပဏီ များမှလည်း ၎င်းတို့ထုတ်လုပ်သည့် စက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကြောင်းကို သီးသန့်ပြသထားသော စားပွဲများတွင် ရှင်းလင်းပြသကြပါသည်။
ထို့နောက် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဦးစိုင်းစောလင်းထွန်းမှ အပိတ်အမှာစကားပြောကြားပြီး အခမ်းအနားကို ညနေ ၃ နာရီ ၃၀ တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။