MySQL Database (Online) သင်တန်း၊ Linux Foundation သင်တန်း နှင့် Basic Networking သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်း MySQL Database သင်တန်း ၊ Linux Foundation သင်တန်း၊ Basic Networking သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်းနှင့်တကွ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်နှင်းခိုင်အေး၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြုတာဝန်ခံများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း   ၇၉     ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   MySQL Database (Online) သင်တန်းသည် SQL Language အကြောင်းကို အခြေခံအားဖြင့် သိရှိ နားလည်ပြီး Web Application ၊ Website နှင့် Database တို့ကို ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ကြောင်းကြောင်းနှင့် Database Management စနစ်ဖြင့် ဒေတာများကို စနစ်တကျစီမခံခန့်ခွဲပြီး ဒေတာလုံခြုံရေးကို ကာကွယ်နိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။

   Linux Foundation သင်တန်းသည် Linux Command များ ၊ Linux File System များ တည်ဆောက်ခြင်းကို သိရှိနိုင်ပြီး Linux Server ကို အခြေခံ အဆင့်ကိုင်တွယ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။ e-Government တည်ဆောက်ရာတွင် Open Source အသုံးချခြင်းသည် နိုင်ငံ၏ ဒေတာအချက်အလက်လုံခြုံရေး၊ အသုံးစရိတ် လျော့ချရေးနှင့် နည်းပညာထိန်းချုပ်ခွင့်ကို ပိုမိုအားကောင်းစေ‌ရေး စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ အဖွဲ့အစည်းများတွင် Open Source ကို လေ့လာသိရှိ၍ အသုံးချတတ်လာနိုင်စေရန် ဖြစ်ကြောင်း သိရှိရပါသည်။

   Basic Networking သင်တန်းသည် အခြေခံကွန်ပျူတာကွန်ရက် နည်းပညာများ၊ Network Devices များအကြောင်းနှင့် အသုံးချ နည်းလမ်းများ၊   အင်တာနက် ပရိုတိုကောလ်လိပ်စာ စီမံခန့်ခွဲနည်းများ၊ LAN/WAN ကွန်ရက်များ ချိတ်ဆက်ခြင်းနှင့် အခြေခံ Switching/Routing နည်းပညာများ အလုပ်လုပ်ပုံကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးမှာဖြစ်ကြောင်း သိရှိရပါသည်။

   MySQL Database (Online) သင်တန်းသည် သင်တန်းကာလ ၂ ပတ် ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး Linux Foundation သင်တန်းနှင့် Basic Networking သင်တန်းများသည် သင်တန်းကာလ ၃ ပတ်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။