ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်များနှင့်စပ်လျဉ်း၍ ပယ်ဖျက်ပြီးဖြစ်သော လိုင်စင်စာရင်းများအား အသိပေးကြေညာခြင်း

 

၂၀၁၆ ခုနှစ် ၊ မတ်လ ( ၇ ) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေ အခန်း ( ၇ ) ပါ အသွင်ကူးပြောင်းပြဋ္ဌာန်းချက်များအရ လှိုင်းနှုန်းအသုံးပြုခွင့် ရရှိထားသူများသည် ဤနည်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ( ၁ ) နှစ် အကြာတွင် ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာပြီးဖြစ်စေရမည်ဖြစ်ရာ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများနှင့် လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေများ မထွက်ရှိမီ ထုတ်ပေးခဲ့သည့် လှိုင်းနှုန်းအသုံးပြုခွင့်ပါဝင်သော ဆက်သွယ်ရေးပစ္စည်း ဆိုင်ရာ လိုင်စင်များမှ အသွင်ကူးပြောင်းကာလ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် လိုင်စင်များနှင့် သက်တမ်းတိုးရန် တစ်ဆက်တစ်စပ်တည်း ( ၃ ) နှစ် ပျက်ကွက်သည့် လိုင်စင် စုစုပေါင်း ( ၁၉၃၅ ) ခုအား ဤဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် ( ၁၂/၂၀၁၇ ) ဆုံးဖြတ်ချက်နှင့်အညီ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားသော လိုင်စင်စာရင်းမှ ပယ်ဖျက်ပြီးဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ လိုင်စင်စာရင်းမှ ပယ်ဖျက်ပြီး ဖြစ်သည့် လိုင်စင်များအား အောက်ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။