Telecommunication Tariff Directive (Draft) နှင့်စပ်လျဉ်း၍ အများပြည်သူ သဘောထား တောင်းခံခြင်း

၁။      ဆက်သွယ်ရေးဥပဒေ၏ရည်ရွယ်ချက်တစ်ရပ်ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေးကဏ္ဍများတွင် ပြည်တွင်းပြည်ပမှ အခွင့်အလမ်းတူမျှသော ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများ ဆောင်ရွက်စေခြင်းဖြင့် အရည်အသွေး မြင့်မားပြီး သုံးစွဲသူတို့အား ထိုက်တန်စွာ ဝန်ဆောင်မှုပေးနိုင်မည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ပေါ်ထွက်လာစေရန် ဟူသည့် ရည်ရွယ်ချက်နှင့်အညီ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
 
၂။      ထို့ပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ဖြစ်သည့် အသုံးပြုသူကို အကာအကွယ်ပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်အညီ အော်ပရေတာများ၏ ဝန်ဆောင်ခ နှုန်းထားများကို စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။ 
 
၃။      ထိုသို့ ခွင့်ပြုရာတွင် လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို အဟန့်အတားဖြစ်စေခြင်း မရှိစေရန် အော်ပရေတာများမှ တင်ပြရမည့် အချက်များ၊ သုံးစွဲသူအကာအကွယ်ပေးရေးနှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိသည့် နှုန်းထားများ ဖြစ်စေရန်နှင့် ဝန်ဆောင်ခနှုန်းထားများ ကြော်ငြာရာတွင် ပါဝင်ရမည့်အချက်များ စသည်တို့အား ဖော်ပြထားသည့် “ဆက်သွယ်ရေးဝန်ဆောင်ခနှုန်းထားဆိုင်ရာညွှန်ကြားချက်” (Telecommunication Tariff Directive) အား ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
 
၄။      သို့ဖြစ်ပါ၍ အဆိုပါ မူကြမ်းအပေါ် အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ ပေးရန်ရှိပါက   (၃၀-၆-၂၀၁၈) နောက်ဆုံးထား၍ အောက်ဖော်ပြပါ လိပ်စာများသို့ လိပ်မူပြီး E-mail ဖြင့် လည်းကောင်း၊ စာတိုက်မှလည်းကောင်း ပေးပို့ အကြံပြုနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်-
 
ရုံးလိပ်စာ
ညွှန်ကြားရေးမှူးချုပ်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်
 
E-mail Address :     [email protected][email protected]