ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် စက်ကိရိယာ၊ ရုံးအသုံးအဆောင်နှင့် လုံခြုံမှုအဆင့်အတန်းဝင်ပုံနှိပ်ပုံစံများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူခြင်းအတွက် အိတ်ဖွင့် တင်ဒါ ပေးသွင်းရန် ဖိတ်ခေါ်ခြင်း

Published: 12 Oct, 2018



Last Date :
Description :

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။         ၂၀၁၈-၂၀၁၉   ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေမှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် အောက်ပါပစ္စည်းများအားမြန်မာကျပ်ငွေ ဖြင့်ဝယ်ယူခြင်းတို့အတွက် အိတ်ဖွင့် တင်ဒါ ပေးသွင်းရန်ဖိတ်ခေါ်အပ်ပါသည်-

             (က) စက်ကိရိယာပစ္စည်းများ                                   (၂၀)  မျိုး

             ( ခ ) ရုံးအသုံးအဆောင်ပစ္စည်းများ                           (၁၄)  မျိုး

             ( ဂ ) လုံခြုံမှုအဆင့်အတန်းဝင်ပုံနှိပ်ပုံစံများ               (၁၂)  မျိုး

၂။         တင်ဒါခေါ်ယူသည့် အကြောင်းအရာနှင့် စံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက်များ၊ တင်ဒါတင်သွင်းသူ၏အရည်အချင်းဆိုင်ရာ လိုအပ်ချက်များ၊ တင်ဒါစာရွက်စာတမ်းများအတွက် ကျသင့်သည့် ဈေးနှုန်း၊ တင်ဒါတင်သွင်းရမည့်  နည်းလမ်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၉)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း  ရယူနိုင်ပြီး အသေးစိတ် အချက်အလက်များကိုလည်း ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ပါသည်။

တင်ဒါပုံစံရောင်းချမည့်ရက် -  ၁၅.၁၀.၂၀၁၈ရက်မှ  ၁၂.၁၁.၂၀၁၈ထိ(ရုံးချိန်အတွင်း)

တင်ဒါတင်သွင်းရမည့်ရက်   -  ၁၅.၁၀.၂၀၁၈ ရက်မှ  ၁၃.၁၁.၂၀၁၈ထိ နေ့လည်(၁၄:၀၀)နာရီထိ(ရုံးချိန်အတွင်း)

တင်ဒါဖွင့်လှစ်မည့်ရက်        -   ၁၉.၁၁.၂၀၁၈ရက်(တနင်္လာနေ့)နံနက်(၁၀:၀၀)နာရီ

တင်ဒါဖွင့်လှစ်မည့်နေရာ     -    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၊နေပြည်တော်

   တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

(ဖုန်း) ၀၆၇-၄၀၅၃၆၂၊ ၀၆၇-၄၀၅၁၈၅၊ ၀၆၇-၄၀၅၀၉၉

Download Details :
Department Under :