Microsoft Office Word 2019 (Online) သင်တန်း၊ AI-Powered Personal Growth (Online) သင်တန်းနှင့် Python Programming Essentials သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနား

   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Microsoft Office Word 2019 (Online) သင်တန်း၊  AI-Powered Personal Growth (Online) သင်တန်းနှင့် Python Programming Essentials သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စာသင်ခန်းမ ၁ တွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)၊ အင်ဂျင်နီယာချုပ် ဦးရန်နောင်စိုး၊ သင်တန်းကျောင်း၊ ဒုတိယကျောင်းအုပ် ဦးလှိုင်မျိုးကျော်နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၁၀၈ ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   Microsoft Office Word 2019 (Online) သင်တန်းသည် အဖွဲ့အစည်းများ၊ ဌာနများတွင် ရုံးစာရေးသားခြင်း၊ အစီရင်ခံစာများ၊ စီမံကိန်းများ ရေးသားခြင်း၊ လက်ကမ်းစာစောင်နှင့် စာအုပ်များပြုလုပ်ခြင်း စသည်တို့ကို အင်္ဂလိပ်/မြန်မာ ၂ ဘာသာဖြင့် စနစ်တကျရေးသားနိုင်ရန်၊ ဇယား၊ ပုံ၊ ဂရပ်ဖ် အစရှိသော Functions နှင့် Features များကို Microsoft Office Word အသုံးပြု၍ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

   AI-Powered Personal Growth (Online) သင်တန်းသည် ဉာဏ်ရည်တု နည်းပညာ (AI)  ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် ရည်ရွယ်AI ၏ အခြေခံသဘောတရားများ၊ AI စွမ်းဆောင်ရည်များ၊ AI Tools များ အသုံးချ၍ တီထွင်ဖန်တီး နိုင်စွမ်းများ၊ ကျင့်ဝတ်များ၊ မူဝါဒဆိုင်ရာများနှင့် AI Tools အသုံးပြုမှုဆိုင်ရာ လုံခြုံရေး သတိပြုရမည့် အချက်များကို စာတွေ့ လက်တွေ့ ပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

   Python Programming Essentials သင်တန်းသည် Python Programming သဘောတရားများကို သိရှိနားလည်၍ Coding ရေးသားခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်းများ သိရှိနိုင်ရန်၊  Data Analysis နှင့် Artificial Intelligence စသည့် Emerging Technologies များအား အသုံးပြုဆောင်ရွက်နိုင်ရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် Programming ပညာရပ်ကို ကျွမ်းကျင်မှုများ ရရှိနိုင်စေရန်ဖြစ်ကြောင်း သိရှိရပါသည်။

   Microsoft Office Word 2019 (Online) သင်တန်းနှင့် AI-Powered Personal Growth (Online) သင်တန်းများသည် ရက်သတ္တပတ် ၁ ပတ် ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး Python Programming Essentials သင်တန်းသည် ရက်သတ္တပတ် ၃ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။