ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဆိုင်ရာ လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း၊ တင်ဒါအမှတ်စဉ်(ITCSD - ၉/၂၀၂၀)
Published: 27 Dec, 2019
Last Date | : |
|
Description | : |
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန e-Government ဆိုင်ရာ လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း တင်ဒါအမှတ်စဉ် ( ITCSD - ၉/၂၀၂၀ ) ၁။ ၂၀၁၉−၂၀ ဘဏ္ဍာနှစ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် e-Government လုပ်ငန်းရပ်များအတွက်လိုအပ် သော Web Hosting Components ဝယ်ယူ တပ်ဆင်ခြင်းလုပ်ငန်း (Turnkey)အား မြန်မာကျပ်ငွေဖြင့် ၀ယ်ယူ/လုပ်ငန်း အပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ တင်ဒါပေးသွင်းလိုသူ လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါစျေးနှုန်းတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ ၂။ တင်ဒါပုံစံနှင့် စည်းမျဉ်းစည်းကမ်းများအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ထောက်ပံ့ရေးဌာနစိတ်၊ ရုံးအမှတ်(၂)၊ နေပြည်တော်တွင် (၂၇.၁၂.၂၀၁၉) ရက်နေ့မှစတင်၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာများကို (၂၇.၁.၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီ နောက်ဆုံးထား၍ ဤဉီးစီးဌာနသို့ သတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီပေးသွင်းပါရန်နှင့် သတ်မှတ်ကာလထက်ကျော်လွန်သော တင်ဒါအဆိုပြုလွှာများအား ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။ ၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော် ဖုန်း ၀၆၇−၃၄၀၇၇၅၃ နှင့် e-Government ဌာန ၊ ၀၆၇−၃၄၂၂၄၃၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တင်ဒါကော်မတီ(ဆက်သွယ်ရေး) |
Download Details | : | |
Department Under | : |