ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း လျှပ်စစ်စက်ဘီးများ(E-bikes) ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Published: 01 Jan, 2021
Last Date | : |
|
Description | : |
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းတွင် အသုံးပြုရန် လိုအပ်သော လျှပ်စစ်စက်ဘီးများ(E-bikes) အစီး (၃၀၀)အား မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် အတွက် စိတ်ပါဝင်စားသူများအား အိတ်ဖွင့်တင်ဒါခေါ်ယူပါသည်။ ၂။ တင်ဒါစည်းကမ်းအသေးစိတ်နှင့် တင်ဒါပုံစံအား မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)၊ ဗဟို စာတိုက်ကြီး၊ နေပြည်တော်တွင် (၅.၁.၂၀၂၁)ရက်နေ့မှ (၂၀.၁.၂၀၂၁)ရက်နေ့အထိ လာရောက် ဝယ်ယူနိုင်ပြီး (၄.၂.၂၀၂၁)ရက်နေ့ ညနေ(၄:၃၀)နာရီတွင် တင်ဒါပိတ်သိမ်းပါမည်။ သတ်မှတ်ထား သည့်အချိန်ထက် ကျော်လွန်ပေးသွင်းသော တင်ဒါများအား လက်ခံမည်မဟုတ်ပါ။ ၃။ တင်ဒါတင်သွင်းသူတိုင်းသည် အာမခံစပေါ်ငွေ (၁%) ကို (၂၀.၁.၂၀၂၁)ရက်နေ့မှ (၄.၂.၂၀၂၁)ရက်နေ့အထိ (ရုံးချိန်အတွင်း) မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)၊ နေပြည်တော်၏ (SEE-11435) သို့ ငွေသွင်းချလံဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။ ၄။ တင်ဒါပုံစံနှင့် တင်ဒါခေါ်ယူသည့် လျှပ်စစ်စက်ဘီးများ(E-Bikes)၏ အသေးစိတ် အချက် အလက်များကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)၊ နေပြည်တော်သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။ မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)၊ နေပြည်တော်ဗဟိုစာတိုက်ကြီး ဖုန်း ၀၆၇-၃၄၂၀၆၆၄ (ရုံးချိန်အတွင်းသာ) |
Download Details | : |
Download Detail
Myanmar Post Tender for E-Bikes
(69.96 KB)
|
Department Under | : |
Department
|