သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဂြိုဟ်တုဆက်သွယ်ရေး၏ လုပ်ငန်းဆောင်ရွက်ချက်များ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနမှ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေး ပထမအဆင့်အဖြစ် အမေရိကန် အခြေစိုက်၊ ကမ္ဘာ့ပထမတန်းကုမ္ပဏီကြီးဖြစ်သော Intelsat Satellite Operator ထံမှ ဂြိုဟ်တု ချန်နယ်များ ငှားရမ်း၍ မြန်မာနိုင်ငံ၏ လိုအပ်သောဆက်သွယ်ရေးကဏ္ဍများတွင် ဂြိုဟ်တုဆက်သွယ် ရေးစနစ်ဖြင့် ဖြည့်ဆည်းပေးနိုင်ရန် MyanmarSat-1 ဂြိုဟ်တုစနစ်အမည်ဖြင့် ၂၀၁၆ ခုနှစ်၊ မေလ တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံပိုင်ဂြိုဟ်တုလွှတ်တင်ရေး၊ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးလုပ်ငန်းများအား ဗျူဟာကျကျ ထိန်းချုပ်နိုင်ရေး၊ စီးပွားရေးအလားလာကောင်းမွန်သော၊ စဉ်ဆက်မပြတ်သော ဂြိုဟ်တုဆက်သွယ် ရေးလုပ်ငန်းဖြင့် ဒေသတွင်းနိုင်ငံများအား ထိုးဖောက်နိုင်ရေးတို့ကိုရည်ရွယ်၍ ဒုတိယသမ္မတ () ဦးဆောင်သော မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီ နှင့် ဆပ်ကော်မတီ () ခုကို ဖွဲ့စည်း၍ လုပ်ငန်းစဉ် () ဆင့်ဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်၍ ဒုတိယအဆင့်အဖြစ် MyanmarSat-2 ဂြိုဟ်တုဟုခေါ်ဆိုနိုင်ပြီး နိုင်ငံပိုင် ဂြိုဟ်တုချန်နယ်များ သုံးစွဲနိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် Intelsat Global Sales and Marketing Limited တို့အကြား “Satellite Payload IRU Agreement for MyanmarSat-2” သဘောတူ စာချုပ်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ () ရက်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

MyanmarSat-2 IRU Agreement အရ မြန်မာနိုင်ငံသည် Intelsat မှ လွှတ်တင်မည့် Intelsat-39 (IS-39) ဂြိုဟ်တုတည်ဆောက်ရေးနှင့် လွှတ်တင်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ (၁၅၅.) သန်းကို () တစ်ကြိမ်ဖြင့် () ကြိမ် ခွဲ၍ ပေးသွင်းခဲ့ပါသည်။

IRU Agreement အရ မြန်မာနိုင်ငံသည် C-Band (432) MHzနှင့် Ku-Band (432) MHz စုစုပေါင်း Channel Bandwidth (864) MHz ကို (၁၅) နှစ်ကြာ IS-39 ဂြိုဟ်တုသက်တမ်းကုန်သည် အထိ MyanmarSat-2 အမည်ဖြင့် သုံးစွဲပိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။

MyanmarSat-2 ပါဝင်သည့် IS-39 ဂြိုဟ်တုကို တောင်အမေရိကတိုက်၊ France Guiana ရှိ ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ Ariane 5 Rocket ဖြင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ () ရက်နေ့ နံနက် () နာရီတွင် လွှတ်တင်နိုင်ခဲ့ပြီး ဂြိုဟ်တုပတ်လမ်းတည်နေရာ အရှေ့လောင်ဂျီကျွတ် ၆၁.၉၅ ဒီဂရီတွင် အောင်မြင်စွာလည်ပတ်လျက်ရှိပါသည်။ ထို့ကြောင့် MyanmarSat-2 ဂြိုဟ်တုဆိုင်ရာဝန်ဆောင်မှုများ ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက် မှစတင်၍ သုံးစွဲနိုင်ခဲ့ပါသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် MyanmarSat-2 ဂြိုဟ်တုစနစ်ကို စနစ်တကျအသုံးပြုနိုင်ရန် လိုအပ်သော High Power Amplifier, Ku Band SSPA, Waveguide နှင့် L Band to Fiber  UPS & Battery Bank ၊ Generator နှင့် Ku-Band Analyzer  ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းများကို တင်ဒါခေါ်ယူ၍ သန်လျင်မြို့၊ အပြည်ပြည်ဆိုင်ရာဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း၊ ပျဉ်ထောင် ကျောင်း၊ တွင် ဆောင်ရွက်ခဲ့ပါသည်။

ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း၊ ပျဉ်ထောင်ကျောင်း၊ သန်လျင်တွင် MyanmarSat-2 ဂြိုဟ်တုထရန်စပွန်ဒါများကို ထိန်းချုပ်မည့် Transponder Control စနစ်၊ ဆက်သွယ်ရေး လမ်းကြောင်းဆိုင်ရာစစ်ဆေးမှုများပြုလုပ်နိုင်ရန် Monitoring စက်ပစ္စည်းများတပ်ဆင်ခြင်းတို့ကို Intelsat မှ ပညာရှင်များနှင့် ဂြိုဟ်တုဆက်သွယ်ရေးဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများအတွက် ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများပေးနိုင်ရန် Newtec Hub System နှင့် iDirect Hub System များ ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ MyanmarSat-2 ဂြိုဟ်တုစနစ်ကို ကောင်းမွန်စွာ သုံးစွဲ နိုင်ရန် အတွက် ၎င်းတို့သုံးစွဲလျက်ရှိသော ဂြိုဟ်တုဆက်သွယ်ရေးသုံး Gilat Hub System တိုးချဲ့ခြင်း နှင့် နယ်စခန်းများအား အဆင့်မြှင့်တင်ခြင်းတို့ကို ထောက်ပံ့ဆောင်ရွက်ပေးခဲ့ပါသည်။

ပင်လယ်ရေကြောင်းဆက်သွယ်ရေး (GMDSS) စခန်းများမှလည်း သန်လျင်ဂြိုဟ်တုမြေပြင် စခန်းရှိ Hub System များကိုအသုံးပြု၍ MyanmarSat-2 ဂြိုဟ်တု ချန်နယ်များကို သုံးစွဲလျှက် ရှိပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သန်လျင်ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း၌ MyanmarSat-2 ၏ C-Band ချန်နယ်သုံးစွဲမှုများကို ထောက်ပံ့ပေးနိုင်ရန်အတွက် 9 meter C-Band Antenna တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ပါသည်။

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV မှ ရုပ်သံထုတ်လွှင့်မှုတွင် လက်ရှိသုံးစွဲနေသော Thaicom-6  ဂြိုဟ်တုမှ MyanmarSat-2 ဂြိုဟ်တုစနစ်သို့ ပြောင်းရွှေ့သုံးစွဲနိုင်ရေး အတွက်  မြန်မာတစ်နိုင်ငံလုံးရှိ MRTV ရုပ်သံလွှင့်စခန်းများအားလုံး၏ အဆင့်မြင့်တင်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျှက်ရှိပါသည်။

MyanmarSat-2 ဂြိုဟ်တု မှ ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုဖြစ်သည့်C-band Bandwidth 216 MHz နှင့် Ku-band Bandwidth 144 MHz တို့အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ လည်းကောင်းC-Band Bandwidth 5 MHz အား ရွှေသံလွင်မီဒီယာကုမ္ပဏီသို့လည်းကောင်း ၊ Ku-Band Bandwidth 12MHz အား Speed Bird ကုမ္ပဏီသို့လည်းကောင်းပြန်လည်ငှားရမ်းနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ e-Government e-Health e-Education နယ်စပ်လုံခြုံရေးစီမံချက်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကဏ္ဍများတွင် ဆက်သွယ်‌ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။ အရည်အသွေးပြည့်ဂြိုဟ်တုချန်နယ် များကိုလည်း သင့်တင့်သော ဈေးနှုန်းများဖြင့် ရေရှည်အသုံးပြုနိုင်မည်ဖြစ်ပြီး တဆင့်ငှားရမ်းခြင်းဖြင့် နိုင်ငံတော်၏ဝင်ငွေများ တိုးတက်လာမည်ဖြစ်ပါကြောင်း မှတ်တမ်းဓါတ်ပုံများ၊ MyanmarSat-2 ဂြိုဟ်တုချန်နယ်ငှားရမ်းထားမှု အခြေအနေပြဇယားတို့ဖြင့် ဖော်ပြအပ်ပါသည်။

 

sat1

(၁.၆.၂၀၁၈) ရက်နေ့တွင် MyanmarSat-2 ဂြိုဟ်တု အတွက် Intelsat Global Sales & Marketing Ltd နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနတို့အကြား Indefeasible Right of Use (IRU) လက်မှတ်ရေးထိုးခဲ့မှု "မှတ်တမ်းဓါတ်ပုံ (၁)"

 

sat2

(၁.၆.၂၀၁၈) ရက်နေ့တွင် MyanmarSat-2 ဂြိုဟ်တု အတွက် Intelsat Global Sales & Marketing Ltd နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနတို့အကြား Indefeasible Right of Use (IRU) လက်မှတ်ရေးထိုးခဲ့မှု "မှတ်တမ်းဓါတ်ပုံ (၂)"

 

sat3

(၇.၈.၂၀၁၉) ရက်နေ့တွင်MyanmarSat-2 ဟုခေါ်ဆိုနိုင်သည့် Intelsat-39 (IS-39) ဂြိုဟ်တုကို တောင်အမေရိကတိုက်၊ France Guiana ရှိ ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ Ariane 5 Rocket ဖြင့် လွှတ်တင်ခဲ့ပုံ "မှတ်တမ်းဓါတ်ပုံ (၃)"

sa

 ဂြိုဟ်တုဆက်သွယ်ရေးစခန်း (သန်လျင်) တွင်Ku-band 9meter အင်တင်နာ တပ်ဆင်ထားရှိမှု မှတ်တမ်းဓါတ်ပုံ ()

sat4

၂၀၁၉ခုနှစ်၊ ဩဂုတ်လတွင် ဂြိုဟ်တုဆက်သွယ်ရေးစခန်း (သန်လျင်) ဆက်သွယ်ရေး လမ်းကြောင်းဆိုင်ရာစစ်ဆေးမှုများပြုလုပ်နိုင်ရန် Monitoring စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု မှတ်တမ်းဓါတ်ပုံ ()

 

sat6

ဝန်ကြီးဌာနများ ဂြိုဟ်တုချန်နယ်များ အဆင်ပြေစွာ အသုံးပြုနိုင်ရေး တပ်ဆင်ထားသည့် Hub systems များ မှတ်တမ်းဓါတ်ပုံ (၆)

 

ups

 

sat7

 

UPS Battery Bank များ နှင့် အရံလျှပ်စစ်ဓါတ်အားပေးစက် Generator 250KVA ထားရှိမှု မှတ်တမ်းဓါတ်ပုံ (၇)

 

pic

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (တိုးကြောင်ကလေး)ရှိ Gilat Hub System အားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့မှုမှတ်တမ်း (၈)

 

sat9

sat10

၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလတွင်MICC2 နေပြည်တော်၌ကျင်းပသည့် 4th e-Government Conference & ICT Exhibition ပွဲ တွင် Show room ဖွင့်လှစ်၍ ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများ အား ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများအား မိတ်ဆက်ခဲ့ပုံ မှတ်တမ်းဓါတ်ပုံ ()

 

se

ဂြိုဟ်တုဆက်သွယ်ရေးစခန်း (သန်လျင်) တွင် C-band 9meter အင်တင်နာ တပ်ဆင်ထားရှိမှု မှတ်တမ်းဓါတ်ပုံ (၁၀)

 

ဂြိုဟ်တုဆက်သွယ်ရေးဌာန၏ MyanmarSat-2  ဂြိုဟ်တုချန်နယ် ငှားရမ်းထားမှု အခြေအနေပြဇယား

c