၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး(ရုံးခွဲ)မှ ဦးစီးအရာရှိဦးသောင်းမြင့်နိုင်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရ အော်ပရေတာများနှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ မူဆယ်မြို့၌ဆောင်ရွက်ထားသည့် နယ်စပ်ဖြတ်ကျော်ဖိုင်ဘာကွန်ရက်ဆက်ကြောင်းများ တည်ဆောက်ချိတ်ဆက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။