ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
လျှောက်ထားသူသည် ရေကြောင်းအင်ဂျင်နီယာ အရာရှိ အဆင့်(၂) ကျွမ်းကျင်မှု လက်မှတ် ကိုင်ဆောင်ထားပြီး ပင်မစက်မောင်းနှင်မှု စွမ်းအား(၃၀၀၀)ကီလိုဝပ် နှင့်အထက် 1/AE (or) 2/E Sea service (၁)နှစ်နှင့် ရေကြောင်းအင်ဂျင်နီယာ အရာရှိအဆင့် (၂) ကျွမ်းကျင်မှု လက်မှတ်ကိုင်ဆောင်ထားပြီး ပင်မစက်မောင်းနှင်မှု စွမ်းအား (၇၅၀) ကီလိုဝပ်နှင့်အထက် သင်္ဘာများတွင် အင်ဂျင်နီယာအဖြစ် Sea service (၂)နှစ်ရှိရမည်။
ဝန်ဆောင်ခ
မရှိပါ။
လိုအပ်သော စာရွက်စာတမ်းများ
- Result Sheet (MED-40) မူရင်းနှင့် မိတ္တူ
- (MED-47) Sea service အတည်ပြုစာ မူရင်းနှင့် မိတ္တူ
- Class II CoC မူရင်းနှင့် မိတ္တူ
- CDC မူရင်းနှင့် မိတ္တူ
လျှောက်ထားရန် အဆင့်များ
အခြေခံလိုအပ်ချက်များ ပြည့်စုံပါက ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ စာမေးပွဲဌာနစိတ်တွင် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ကျောင်းတက်ခွင့် ထုတ်ပေးမည်ဖြစ်သည်။
ဆက်သွယ်ရမည့်လိပ်စာ
ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ ဒေါပုံသင်္ဘောကျင်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။
Website လိပ်စာ
မရှိပါ