သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Microsoft Office Word 2010 Training နှင့် Microsoft Office Excel 2010 Training သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၂၁ ခုနှစ် နိုဝင်ဘာလ  (၃၀) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် အခြေခံကွန်ပျူတာ အကြောင်းအရာများ သိရှိနိုင်ပြီး ရုံးစာရေးသားနည်း၊အင်္ဂလိပ်/မြန်မာစာစီ စာရိုက်နည်း နှင့် ဇယား၊ ပုံ ၊ ဂရပ်ဖ် အသုံးပြုနည်းများကို လက်တွေ့လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သော Microsoft Office Word 2010 Training (0102/01/2021) နှင့် ဘတ်ဂျက်ရေးဆွဲခြင်း၊ အစီရင်ခံစာများတွင် Chart Graphic ရေးဆွဲခြင်းများ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Microsoft Office Excel 2010 Training သင်တန်းတို့ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ  (၃၀) ရက်နေ့ နံနက်ပိုင်းတွင် Zoom Meeting အသုံးပြု၍ Online Learning System ဖြင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Microsoft Office Word 2010 Training နှင့် Microsoft Office Excel 2010 Training သင်တန်းတို့ကို (၃၀-၁၁-၂၀၂၁) မှ (၁၇-၁၂-၂၀၂၁) ရက်နေ့အထိ (၁၄) ရက် သင်တန်းဖြစ်ပြီး Microsoft Office Word 2010 Training သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၂၁) ခုမှ သင်တန်းသား (၂၁) ဦး နှင့်  Microsoft Office Excel 2010 Training သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၂၁) ခုမှ သင်တန်းသား (၂၁) ဦးဖြင့် စုစုပေါင်းသင်တန်းသား (၄၂) ဦး တက်ရောက်ကြောင်း သိရပါသည်။ အွန်လိုင်းသင်ကြားရေးစနစ်ကို အသုံးပြု၍ ဖွင့်လှစ်သင်ကြားသည့် သင်တန်း ဖြစ်ကြောင်း သိရပါသည်။   

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ကိုယ်စား ဦးလှိုင်မျိုးကျော် နှင့် ဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး  သင်တန်းကျောင်း၊  ကျောင်းအုပ် ကိုယ်စား ဦးလှိုင်မျိုးကျော် က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

         သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။