သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ Basic Networking Course သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၂၂ ခုနှစ် ဇန်နဝါရီလ  (၂၄) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေး သင်တန်းကျောင်းတွင် အခြေခံကွန်ပျူတာ ကွန်ရက်နည်းပညာနှင့် ကွန်ရက် ချိတ်ဆက်ခြင်းကို နားလည်၍ လက်တွေ့လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သော Basic Networking Course သင်တန်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ  (၂၄) ရက်နေ့ နံနက်ပိုင်းတွင် e-Learning center (II)  ၌ သင်တန်း ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Basic Networking Course သင်တန်းသည် (၂၄--၂၀၂၂) ရက်မှ (--၂၀၂၂) ရက်အထိ (၁၀) ရက်ကြာ ဖွင့်လှစ်ပို့ချမည့်သင်တန်းဖြစ်ပြီး သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၂၄) ခုမှ သင်တန်းသား (၂၅) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ သင်တန်းနည်းပြများနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး  သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး က  အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

         သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။