၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော လစာနှုန်း ( ၁၈၀၀၀၀ - ၂၀၀၀ - ၁၉၀၀၀၀ )ကျပ်တန်းဝင် ဒု-လက်ထောက်ဦးစီးမှူး / စာရင်းကိုင် - ၄ ရာထူးနေရာများနှင့် လစာနှုန်း ( ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ ) ကျပ်တန်းဝင် ယာဉ်မောင်း-၅ ရာထူးနေရာများအတွက် ခန့်အပ်ရန်ရွေးချယ်ခံရသူများစာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်လိုက်သည်။
၂။ အထက်ပါခန့်အပ်ရန် ရွေးချယ်ခံရသူများသည် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်သို့ အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ ( ၂၇-၆-၂၀၂၂ ) ရက်နေ့၊ (တနင်္လာနေ့)၊ နံနက်( ၀၉:၃၀ )နာရီ အရောက် သတင်းပို့၍ စတင်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း)
(ခ) အိမ်ထောင်စုစာရင်း (မူရင်း)
(ဂ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့်ဘွဲ့လက်မှတ်(မူရင်း)/ ယာဉ်မောင်း-၅ ရာထူး
နေရာများအတွက် ယာဉ်မောင်းလိုင်စင် (မူရင်း)
(ဃ) (၆)လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ (၅)ပုံ
၃။ အသေးစိတ်သိရှိလိုပါက စီမံရေးရာဌာန ၊ ဝန်ထမ်းစီမံခန့်ခွဲရေးဌာနခွဲ ၀၆၇- ၃၄၀၇၂၅၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၄။ ရွေးချယ်ခံရသူများစာရင်းကို အောက်ပါ link တွင် download ရယူနိုင်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန