ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာ့စာတိုက်လုပ်ငန်း၊ ရုံးချုပ်နှင့် နေပြည်တော်စာတိုက်ကြီး ဝန်ထမ်းများနှင့်အတူ မိသားစု မိတ်ဆုံ‌ နေ့လယ်စာ သုံးဆောင်

နေပြည်တော်၊ နိုဝင်ဘာ ၂၅ ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာ ကဏ္ဍမှ သစ္စာရှိစွာဖြင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်နေကြသည့် မြန်မာ့စာတိုက်လုပ်ငန်း၊ ရုံးချုပ်နှင့် နေပြည်တော်စာတိုက်ကြီးရှိ အရာထမ်း၊ အမှုထမ်းများကို အသိအမှတ်ပြုသောအားဖြင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မိသားစုမိတ်ဆုံ နေ့လယ်စာ စားပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး  ဝန်ကြီးဌာန အားကစားပြိုင်ပွဲများ၌ ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ တစ်ဦးချင်း နှင့် နှစ်ယောက်တွဲ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများ အဖွဲ့အစည်း စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ အားကစားပြိုင်ပွဲများတွင် အားပေးခဲ့ကြသည့် အလေ့အထကို ထိန်းသိမ်း သွားစေလိုပါကြောင်း၊ နိုင်ငံတော်မှ စိုက်ထုတ်ပေးနေရသည့် အရှုံးများ လျော့နည်းအောင်၊ ဝင်ငွေ တိုးတက်ရရှိရေး နည်းလမ်းများလည်း ရှာဖွေပြီး ထပ်ဆောင်းဝန်ဆောင်မှု (Value added service) များဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးနေကြပြီး၊ လုပ်ငန်းများ အရှိန်အဟုန် မပြတ် ရပ်တန့်မှု မရှိစေရေး ဆောင်ရွက်ပေးနေကြသော တစ်နိုင်ငံလုံးရှိ မြန်မာ့စာတိုက် ဝန်ထမ်းများကို အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်းရဲ့ VISION” ဖြစ်တဲ့ Myanmar Post for Everyone” “လူတိုင်းအတွက် မြန်မာ့စာတိုက်လုပ်ငန်း” ဖြစ်စေရေး ပြည်သူလူထုအတွက် အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ဝန်ထမ်းများအားလုံး အတူတကွ ကြိုးပမ်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း  မိသားစု မိတ်ဆုံ နေ့လယ်စာ သုံးဆောင်ခဲ့ကြပြီး ရင်းနှီးပွင့်လင်းစွာ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန